BREAKING
October 18, 2024

တိုင်းအစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ထားမည်

February 17, 2020

သတင်းမီဒီယာသမားများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရန် တိုင်းအစိုးရ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦး ခန့်အပ်မည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

ယင်းသည် တနင်္သာရီတိုင်း၏ ပထမဆုံးသော တိုင်းအစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဖြစ်လာမည် ဖြစ်သည်။

“ထားဖို့တော့ ဆုံးဖြတ်ပြီးပြီ။ စာထွက်မယ်။ ဖြစ်နိုင်ချေရှိသူကတော့ အစိုးရအဖွဲ့ ဝန်ကြီးထဲကပါပဲ”ဟု ဦးမြင့်မောင်က ပြောသည်။

ယခင်က ပြန်ကြားရေးတာဝန်ခံ သီးခြားခန့်ထားခြင်းမရှိဘဲ တိုင်းအစိုးရ အဖွဲ့မှ သတင်းများထုတ်ပြန်ရာတွင် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများက အလျဉ်းသင့်သလို ထုတ်ပြန်လေ့ရှိသည်။

တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင်မှုနှင့် ကြေညာချက်အချို့ကို Tanintharyi Region ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လေ့ရှိပြီး တိုင်းအစိုးရ ဝက်ဘ်ဆိုက်စာမျက်နှာရှိသော်လည်း အသက် မဝင်လှပေ။

Dawei Watch