BREAKING
September 20, 2024

ဆန်ကြမ်းနှင့် ငါးဈေး အနည်းငယ်တက်လာသည့် ထားဝယ်ဈေးကွက်

December 16, 2022

ထားဝယ်တွင် ယခုသီတင်းပတ် ဆန်ဈေးအနည်းငယ်တက်နေသည်။

ပြီးခဲ့သည်သီတင်းပတ် ဒီဇင်ဘာလ ၉ ရက်နေ့က အကယ်ဒမီဆန်ကြမ်း (အစိမ်း) ၂၄ ပြည်တစ်အိတ်ကို ၇၃၀၀၀ ကျပ်ဈေးရှိရာမှ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၇၄၅၀၀ ကျပ်သို့ ၁၅၀ဝကျပ် ဈေးတက်သွားသည်။

ယင်းနည်းတူ အကယ်ဒမီဆန်ကြမ်း (အနီ) ၂၄ ပြည်တစ်အိတ်ကို ၆၆၀၀ဝကျပ်မှ ၆၉၅၀၀ ကျပ်သို့ ၃၅၀ဝကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ဆန်ဈေးအတက်ဘက် ရောက်လာသည့်နည်းတူ ပင်လယ်ထွက် ငါးဈေးမှာလည်း ယခင်ပတ်ကထက် အနည်းငယ်မြင့်တက်လျှက်ရှိသည်။

ငါးဒွန်းခြင်း (အပြား) တစ်ပိဿာ ၂၈၀ဝကျပ်မှ ၃၅၀ဝကျပ်၊ ပါတူးခေါ် အာဗြဲ တစ်ပိဿာ ၃၀၀ဝကျပ်မှ ၆၀၀၀ ကျပ်အထိ ဈေးတက်လျှက်ရှိပြီး ပုဇွန် ချောကြီးမှာလည်း တစ်ပိဿာ ၂၈၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ ဈေးတက်လာသည်ကို တွေ့ရသည်။

ထားဝယ်ဈေးကွက်ကို ကြက်သွန်အသစ်ရောက်ရှိလာသည့်အတွက်ကြောင့် ပြီးခဲ့သည့်ပတ်က ကျပ်ငါးထောင် နီးပါးအထိ တက်သည့်ကြက်သွန်နီဈေးမှာ ယခုပတ်တွင် တစ်ပိဿာ ကျပ် လေးထောင်သာ ကျန်တော့သည်။