ထားဝယ်တွင် ယခုအပတ် အတွင်း ကြက်သွန်ဈေးနှုန်းများ ပြန်ကျလာသည်။
ပြီးခဲ့သည့်အပတ်က ကြက်သွန်နီတစ်ပိဿာ ၅၂၀၀ ကျပ်မှ ယနေ့ ၄၈၀၀ ကျပ်၊ကြက်သွန်ဖြူထူး ၄ တစ်ပိဿာ ၁၆၀၀၀ ကျပ်မှ ယနေ့ ၁၅၅၀၀ ကျပ်၊ကြက်သွန်ဖြူ ထူး၅ တစ်ပိဿာ ၁၇၀၀၀ ကျပ်မှ ယနေ့ ၁၆၅၀၀ ကျပ်သို့ အသီးသီးဈေးပြန်ကျလာခြင်းဖြစ်သည်။
တစ်ပတ်အတွင်းကြက်သွန်နီ တစ်ပိဿာ ၄၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၅၀၀ ကျပ် ဈေးပြန်ကျသွားသည်။
အကယ်ဒမီ ရက် ၉၀ ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၁၀၀၀ ဈေးတက်လာပြီး ဆန်ချော ဈေးနှုန်းမှာ အတက်အကျမရှိ ဇယားပါအတိုင်း ဈေးငြိမ်နေခြင်းဖြစ်သည်။
သို့သော်အာလူးမှာ တစ်ပတ်အတွင်း တစ်ပိဿာ ၆၀၀ ကျပ်ခန့် ဈေးတက်သွားသည်။
ယခင်အပတ်က အာလူးတစ်ပိဿာ ၇၄၀၀ ကျပ်မှ ယနေ့ တစ်ပိဿာ ၈၀၀၀ ကျပ်ဖြစ်သွားသည်။

