တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို နိုဝင်ဘာ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်ည)က ကျင်းပခဲ့ကြပြီး နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ရက်ကွက်အလိုက်ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
တန်ဆောင်မုန်းလပြည့်ညတွင် စုရပ်နေရာမှ မြို့အတွင်းလှည့်လည် ပူဇော်ကြခြင်းဖြစ်ပြီး ဘုရားလှည့်လည်ပူဇော်ရာ လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲများ လုံခြုံရေးယူထားသည်ကိုတွေ့ရသည်။








