BREAKING
October 16, 2024

လေ့ကျင့်ချိန် ရက်ပိုင်းလောက်ပဲ ရပြီး ပွဲထိုးရတော့မယ့် ချင်းဖိုက်တာလေး တီရယ်လ်ထန်

October 16, 2024

အောက်တိုဘာလ ၁၈ ရက်နေ့ရောက်ရင် ချင်းဖိုက်တာလေး တီရယ်လ်ထန် က ပွဲထိုးရတော့မယ်လို့ သိရှိရပါတယ်။

MMA ပွဲစဉ်ဖြစ်ပေမယ့် UFC အဆင့်ပွဲစဉ်တော့ မဟုတ်ပါဘူး။ Cage Fury Fighting Championships (CFFC) ဆိုတဲ့ အမေရိကန် East Coast က ဒေသဆိုင်ရာပြိုင်ပွဲမှာ တီရယ်လ်ထန်က ဝင်ထိုးမှာဖြစ်ပါတယ်။

The Gold Standard in Regional MMA အဖွဲ့အစည်းက ဦးဆောင်ကျင်းပတဲ့ပွဲတစ်ပွဲဖြစ်ပြီး UFC အဆင့် မဟုတ်ပေမယ့် အဆင့်မြင့်တဲ့ပွဲဖြစ်တယ်လို့တော့ သတ်မှတ်ခံထားရပါတယ်။

တီရယ်လ်ထန် ဟာ ဒီပြိုင်ပွဲကို Short Notice နဲ့ ဝင်ထိုးခွင့်ရခဲ့တာပါ။ ပြိုင်ပွဲနားနီးမှ သိရတာဖြစ်တဲ့အတွက် လေ့ကျင့်ပြင်ဆင်ချိန်က ရက်ပိုင်းလောက်သာ ရရှိနိုင်တော့တာကို မြင်တွေ့ရပါတယ်။