စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိမှုတွေကို တယ်လီဂရမ်၊ တစ်တော့တို့လို ဆိုရှယ်မီဒီယာတွေ၊ မြဝတီ၊ MRTV တို့လို့ ရုပ်မြင်သံ ကြားတွေ၊ ကြေးမုံ၊ မြန်မာ့အလင်းတို့လို နေ့စဉ်ထုတ်သတင်းစာတွေကနေ ပြည်သူ့ဘဏ္ဍာငွေကို သုံးပြီး အင်တိုက်အားတိုက်နဲ့ ဖြန့်ချိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အခုလို တန်ပြန်လိမ်လည်ဝါဒဖြန့်ချိနေတာဟာ နွေဦးတော်လှန်ရေးကို လူထုထောက်ခံမှု လျော့ကျ အောင်လုပ်ဆောင်ဖို့နဲ့ သူတို့ရဲ့ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ချင်တာကြောင့်ဖြစ်ပါတယ်။