မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ယနေ့ ဩဂုတ် ၁၆ နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။
မော်လမြိုင်မြို့ အနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရပြီဖြစ်သည်။ ယနေ့ ညပိုင်းအထိ ရေကြီးနေဆဲဖြစ်သည်။
မော်လမြိုင်အပါအဝင် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု မြင်ကွင်းအချို့ကို ဖော်ပြအပ်ပါသည်။





