မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ လူပေါင်း နှစ်သန်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးပါပြီ။
တောတောင်တွေထဲမှာ၊ ဒုက္ခသည်စခန်းတွေမှာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ အိမ်လည်း မပြန်နိုင်ကြပါဘူး။
တခြားနေရာသစ်ကို ဘ၀သစ်စဖို့လည်း ထွက်သွားလို့ မရပြန်ဘူး။ သူတို့ဟာ သောင်တင်ပိတ်မိနေသူတွေ။ အမည်မဖော်လိုတဲ့ မြန်မာအနုပညာရှင် တစ်စုက သူတို့အကြောင်း ဖော်ကျူးရေးဆွဲထားပါတယ်။
ဘန်ကောက်မြို့၊ ဘန်ကောက် အနုပညာနဲ့ ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်တဲ့ ပန်းချီပြပွဲမှာ မြန်မာနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေထိုင်ရသူတွေအကြောင်း ပန်းချီအနုပညာပြချက် ၄၀ ဝန်းကျင် ပြသထားပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ အထိ ပြသသွားမည်ဖြစ်ပါတယ်။
အဲဒီက ရတဲ့ ရံပုံတွေ ၆၀ ရာခိုင်နှုန်းကို IDP တွေ အတွက် လှူဒါန်းသွားဖို့ ရှိပါတယ်။



