ဆီးရီးယားကြားကာလအစိုးရက အစ္စရေးကို ၂၀၂၆ နှစ်ကုန်တွင် အသိအမှတ်ပြုသွားရန် ရှိသည်ဟု ဗြတိန်သံအမတ်ဟောင်း တစ်ဦးဖြစ်သူ Craig Murray က အင်တာနက်လူမှုကွန်ရက်ပေါ်တွင် ရေးသားပြောဆိုလိုက်သည်။
အစ္စရေးကို နိုင်ငံတစ်ခုအဖြစ် ၂၀၂၆နှစ်ကုန်တွင် အသိအမှတ်ပြုသွားမည်ဟု ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်လ်ရှာရာက ဗြိတိန်အစိုးရကို ကတိပြုပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
နှစ်နိုင်ငံသံအမတ်များ အပြန်အလှန်ခန့်အပ်သွားရန် ရှိသည်ဟုလည်း ဥဇဘက်ကစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Craig Murray က ပြောဆိုသည်။
အာဏာရှင် ဘာရှာအာဆတ်ပြုတ်ကျပြီးနောက် တက်လာသည့် ဆီးရီးယားအစိုးရသစ်၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ဆီးရီးယားအပေါ် ချမှတ်ထားသည့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ဖယ်ရှားခံရရေးနှင့် အနောက်နိုင်ငံအစိုးရများထံမှ ဆီးရီးယားအတွက် ဘဏ္ဍာရေးအထောက်အပံ့များ ရရှိရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆီးရီးယားနယ်မြေများကို အစ္စရေးက သိမ်းပိုက်ထားမှုကို ပြန်လည်စွန့်လွှတ်ရန်ကိစ္စကိုမူ ဆီးရီးယားကြားကာလသမ္မတက ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။
အဆိုပါကိစ္စမှာ ဆီးရီးယားနှင့် အစ္စရေး နှစ်နိုင်ငံအကြား ဖြေရှင်းရမည့်ကိစ္စဟု ဗြိတိန်အစိုးရဘက်က ရှုမြင်သည်ဟု Craig Murray က ရေးသားခဲ့သည်။
ဆီးရီးယားကြားကာလသမ္မတကလည်း အဆိုပါ ကိစ္စကို ထိပ်တန်းဦးစားပေးအနေဖြင့် ရှုမြင်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
Source: Harici News Agency