ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။
သင်္ကြန်အကြိုနေ့ကစ၍ ရေကစားသူများရှိခဲ့ပြီး ဘေးတွဲဆိုင်ကယ်တွေနဲ့ သင်္ကြန်လည်ခဲ့သူတွေလည်း ရှိကြသည်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားခံရသည့် တစ်ခုတည်းသော ဒေသဖြစ်သဖြင့် ဘေးတွဲဆိုင်ကယ်များဖြင့် သင်္ကြန်လည်ရသည်မှာလည်း ကံပေါက်သင်္ကြန်၏ ထူးခြားချက်ဖြစ်သည်။










ကိုဗစ်ကာလနှင့် အာဏာသိမ်းကာလတွင် ကံပေါက်သင်္ကြန်၌ ဖျော်ဖြေရေးမဏ္ဍပ်နှင့် ဘုန်းကြီးကျောင်း၊ ရပ်ကွက်အုပ်စုအလိုက် ထွက်ကြသည့် မြေဝိုင်းဖျော်ဖြေရေးယဥ်ကျေးမှုလည်း ပျောက်ကွယ်သွားခဲ့သည်။
ယခုနှစ်သင်္ကြန်သည် ကံပေါက်ဒေသတွင် ကိုဗစ်ကာလနောက်ပိုင်း ရေကစားသူပြန်ရှိလာသည့် သင်္ကြန်ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။