BREAKING
April 19, 2025

မြို့ထဲတွင် ရေကစားသူအချို့သာရှိခဲ့သည့် ထားဝယ်သင်္ကြန်နောက်ဆုံးနေ့

April 16, 2023

ထားဝယ်သင်္ကြန်နောက်ဆုံးနေ့ဖြစ်သည့် ယနေ့ သင်္ကြန်အတက်နေ့တွင် မြို့ထဲတွင်ရေကစားသူ အချို့သာရှိခဲ့သည်။

မြို့ထဲက မဏ္ဍပ်များတွင်မူ ယခင်ရက်များအတိုင်း ရေကစားသူအချို့နှင့် ဖျော်ဖြေရေးအစီအစဉ် လာရောက်ကြည့်ရှုသူများ ရှိခဲ့သည်။

သင်္ကြန် အကြိုနေ့နှင့် အကျနေ့တို့တွင် ထားဝယ်မြို့ထဲရေကစားသူ မရှိခဲ့သော်လည်း အကြတ်နေ့နှင့် အတက်နေ့တို့တွင် ရေကစားသူ အနည်းငယ်ရှိခဲ့သည်။ အတက်နေ့တွင် နယ်ဒေသအချို့တွင်လည်း ရေကစားသူ အနည်းငယ်ရှိလာခဲ့သည်။

သင်္ကြန်အတက်နေ့ ထားဝယ်ဗဟိုမဏ္ဍပ် ညနေ ၇နာရီဝန်းကျင်က မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။