BREAKING
April 19, 2025

သင်္ကြန်အတက်နေ့ တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးရွာနိုင်

April 16, 2023

သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက် (ယနေ့) တွင် တနင်္သာရီတိုင်းအတွင်း နေရာကွက်ကျားမိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ကောင်စီ၏ မိုးဇလဌာနများက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်း အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားကြသည်။

မိုးရွာနိုင်ခြေမှာ ခြောက်ဆယ်ရာခိုင်နှုန်းအထိရှိကြောင်း စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခင်နှစ်များက သင်္ကြန်ကာလတွင် မိုးရွာသွန်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ မိုးရွာသွန်းခြင်းမရှိသေးပေ။

ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ထားဝယ်မြို့နှင့် အနီးတဝိုက်၌ တိမ်အနည်းငယ်အုံ့ဆိုင်းနေသည်။

ထို့အပြင် ပင်လယ်ပြင်လှိုင်းအခြေအနေမှာ တနင်္သာရီကမ်းရိုးတန်းတွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် အထက်ပါမိုးလေဝသဌာနများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်မူ နေ့အပူအချိန် ပိုများလာနိုင်ကြောင်း ထုတ်ပြန်ထားကြသည်။