စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၈ ရက်မြောက် ဝမ်းနည်းခြင်းသပိတ်ကို ဧပြီလ ၁၆ ရက်နေ့က ကံပေါက်ဒေသတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသပိတ်စစ်ကြောင်း လူစုခွဲနေစဉ် ရဲနှင့် စစ်တပ်ရောက်လာပြီး သေနတ် သုံးချက်ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
သေနတ်ပစ်ဖောက်ခြင်းနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရရှိခြင်း ၊ ဖမ်းဆီးခံရခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။






