ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူနှင့် ငရုတ်ဈေးကျလာသည်။
ယခုနှစ်အသစ်ထွက်ရှိသည့် ကြက်သွန်ဖြူထူး ၄ မှာ ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၈ ရက်နေ့က တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ မတ်လ ၁၅ ရက်နေ့တွင် တစ်ပိဿာ ၇၅၀၀ ကျပ်သို့ဈေးကျသွားသည်။
သီတင်းပတ် တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၃၅၀၀ ကျပ်ဈေးကျသွားခြင်းဖြစ်သည်။
ထို့အတူ ရွှေအပ် အမျိုးအစား ငရုတ်ခြောက်ဈေးမှာ တစ်ပတ်အတွင်း တစ်ပိဿာကျပ် ၁၀၀၀ ဈေးကျသွားသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့်မတ်လ ၈ ရက်နေ့က ရွှေအပ်ငရုတ် တစ်ပိဿာဈေးနှုန်းမှာ ၁၄၅၀၀ ကျပ်မှ မတ်လ ၁၅ ရက်နေ့တွင် ၁၃၅၀၀ ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။
ယင်းအပြင် ပြည်တွင်းထုတ် စားသုံးဆီဖြစ်သည့် ရွှေအုံ အမှတ်တံဆိပ် ပဲဆီမှာ မတ်လ ၈ ရက်နေ့က တစ်ပိဿာ ၂၃၂၀၀ ကျပ်မှ မတ်လ ၁၅ ရက်နေ့တွင် တစ်ပိဿာ ၂၃၀၀၀ကျပ်သို့ ဈေးကျသွားသည်။
တစ်ပတ်အတွင်းစားသုံးဆီတစ်ပိဿာ ၂၀၀ကျပ် ဈေးကျသွားသော်လည်း ဆန် နှင့် အခြားစားဖိုဆောင် သုံး ကုန်ပစ္စည်းများမှာမူ ဇယားပါဈေးနှုန်းများအတိုင်းဈေးငြိမ်နေသည်။

