BREAKING
February 22, 2025

ရေထွက်ကုန်နှင့် ကြက်သွန်နီဈေးတက်သည့် ထားဝယ်ဈေးကွက်

February 16, 2025

ထားဝယ်တွင် ယခုသီတင်းပတ် ရေထွက်ကုန်နှင့် ကြက်သွန်နီဈေးတက်‌‌နေသည်ကိုတွေ့ရသည်။

ဖေဖော်ဝါရီလ ၈ ရက်နတွင် ပုစွန်ချောလတ် တစ်ပိဿာ ၂၅၀၀၀ကျပ်စျေးရှိရာမှ ‌ဖေဖော်ဝါရီ ၁၅ရက်တွင် တစ်ပိဿာ ၃၅၀၀၀ကျပ်၊ ပုစွန်‌ချောသေးတစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်သို့ ဈေးတက်သွားသည်ကိုတွေ့ရသည်။

ထို့ကြောင့်တစ်ပတ်အတွင်း ပုစွန်တစ်ပိဿာမှာအရွယ်အစားအလိုက်အပေါ်မူတည်ပြီး တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ဈေးတက်သွားသည်။

ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နှစ်ပတ်ဆက်တိုက်ဈေးကျသည့် ကြက်သွန်နီဈေးမှာလည်း ဖေဖော်ဝါရီလ ၁၅ ရက်တွင် အနည်းငယ်ဈေးတက်လာသည်။

ဖေဖော်ဝါရီလ ၈ ရက်က ကြက်သွန်နီတစ်ပိဿာ ၃၆၀၀ကျပ် စျေးရှိရာမှ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ၃၈၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ကျပ်ဈေးတက်သွားသည်ကို တွေ့ရသည်။

အာလူးဈေးမှာမူ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၅၀၀ကျပ်‌ ဈေးကျသွားသည်။

ဖေဖော်ဝါရီလ ၈ ရက်က အာလူးတစ်ပိဿာ ၆၀၀၀ကျပ်ရှိစျေးရှိရာမှ ဖေဖော်ဝါရီလ ၁၅ ရက်တွင် တစ်ပိဿာ ၅၅၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

ဆန်နှင့် ဆီအပါအဝင်အခြားမီးဖိုချောင်သုံးကုန်ပစ္စည်းများမှာ ယခုသီတင်းပတ်အတွင်း ဇယားပါဈေးနှုန်းများအတိုင်းဈေးငြိမ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။