ထားဝယ်ဈေးကွက်တွင် ယခုလဆန်းကြမ်းဈေးဆက်တိုက်တက်နေသည်။
ဖေဖော်ဝါရီလ ပထမပတ်က ဆန်ကြမ်းအကယ်ဒမီ ရက် ၉၀ အမျိုးအစား တစ်အိတ်လျှင် ၁၁၄၀၀၀ကျပ်သာရှိခဲ့သည်။
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ၁၁၈၀၀၀ကျပ်၊ယနေ့ တစ်အိတ်ကို ၁၂၁၀၀၀ကျပ်အထိ ဈေးတက်သွားသည်။
နှစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ် ၆၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
ထိုအပြင် အကယ်ဒမီပေါ်ဆန်းဆန် အစိမ်းရောင်အမှတ်တံဆိပ် နှင့် အနီရောင်အမှတ်တံဆိပ်တို့မှာလည်း ဈေးတက်နေသည်ကိုတွေ့ရသည်။
ဖေဖော်ဝါရီ ပထမပတ်က အကယ်ဒမီ ပေါ်ဆန်းအစိမ်းရောင်အမှတ်တံဆိပ် ဆန်တစ်အိတ်လျှင် ၁၅၀၅၀၀ကျပ်မှ ယနေ့ ၁၅၄၀၀၀ကျပ် ၊အနီရောင်အမှတ်တံဆိပ် ဆန်တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်မှ ၁၄၀၀၀၀ကျပ် ဖြစ်သွားသည်။
နှစ်ပတ်အတွင်း ဆန်ချောတစ်အိတ် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ ဈေးတက်သွားသည်ကိုတွေ့ရသည်။
ထားဝယ်ဈေးကွက်တွင် ဆန်ချောဆန်အဟောင်းပြတ်နေပြီး ဆန်ချော ဆန်အသစ် ဈေးတက်နေခြင်းဖြစ်သည်။
ဆန်ဈေးတက်သော်လည်း ဆီဈေးနှင့် ကြက်သွန်ဈေးမှာ ဇယားပါအတိုင်း ဈေးငြိမ်နေဆဲဖြစ်သည်။


