အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓါးစာခံလဲလှယ်ရေး သဘောတူညီချက်ရရှိခဲ့ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။
ယင်းသဘောတူညီချက်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ရာ ဂါဇာတွင် ၁၅ လကြာဖြစ်ပွားနေသည့်စစ်ပွဲ အဆုံးသတ်တော့မည်ဖြစ်သည်။
အဆိုပါသဘောတူညီချက်အတွက် အမေရိကန် ၊ အီဂျစ် ၊ ကာတာ ၊ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား သံတမန်ရေးအရ လနှင့်ချီကြိုးပမ်းအားထုတ်ခဲ့ရသည်ဟု အိမ်ဖြူတော်က သီးခြားထုတ်ပြန်ခဲ့သည်။
အပစ်ရပ်သဘောတူညီချက်ကြေညာပြီးသည့်နောက် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ အောင်ပွဲခံနေသည့် မြင်ကွင်းများကိုဖော်ပြလိုက်ပါသည်။








Source : Reuters