BREAKING
January 22, 2025

ကြက်သားဈေးနည်းနည်းကျပြီး စားသောက်ကုန်အချို့ ဈေးပြန်တက်သည့် ထားဝယ်ဈေးကွက်

December 15, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သားဈေးကျပြီး မီးဖိုချောင်သုံးပစ္စည်းအချို့ ဈေးပြန်တက်လာသည်။

ပြီခဲ့သည့်အပတ်က ကြက်သားတစ်ပိဿာ ၂၅၀၀၀ကျပ်မှ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ၂၃၀၀၀ ကျပ်သို့ ဈေးကျသွားသည်။

တစ်ပတ်အတွင်း ကြက်သားတစ်ပိဿာ ကျပ် ၂၀၀၀ ဈေးပြန်ကျသွားခြင်းဖြစ်သည်။

ဝက်သားနှင့် အမဲသားမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။

သို့သော် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီ ၊ကြက်သွန်ဖြူ ၊ငရုတ်သီးခြောက် ဈေးနှုန်းများမှာ ပြီးခဲ့သည့် အပတ်ဈေးနှုန်းများထက် ယခုအပတ်တွင် ဈေးတက်နေသည်။

ပြီးခဲ့သည့်အပတ်က ကြက်သွန်နီ(လုံးလတ်) အသန့်တစ်ပိဿာ ၄၄၀၀ ကျပ်မှ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ၄၈၀၀ ကျပ်၊ကြက်သွန်ဖြူထူး ၅ တစ်ပိဿာ ၁၆၅၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်၊ ရွှေအပ်ငရုတ်ခြောက် တစ်ပိဿာ ဈေးမှာ ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်သို့ အသီးသီးဈေးတက်လာခြင်းဖြစ်သည်။

တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၄၀၀ကျပ်၊ကြက်သွန်ဖြူတစ်ပိဿာ ၂၀၀၀ ကျပ်၊ငရုတ်ခြောက်တစ်ပိဿာ ၂၀၀၀ ကျပ် အသီးသီးဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင် ပြည်တွင်းထုတ်စားသုံးဆီတစ်မျိုးဖြစ်သည့် ဇွဲ အမှတ်တံဆိပ် ပဲဆီတစ်ပိဿာ ၂၁၅၀၀ ကျပ်မှ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ၂၃၅၀၀ကျပ်ဖြစ်သွားသည်။

ဆန်နှင့် အခြားမီးဖိုချောင်သုံးပစ္စည်းများမှာ ဇယားပါးဈေးနှုန်းများအတိုင်းဈေးအတက်အကျမရှိ ဈေးငြိမ်နေသည်။