မြိတ်မြို့တွင်ဗုဒ္ဓဘာသာအသင်းကြီးက ကြီးမှူး၍ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ယနေ့ (နိုဝင်ဘာ ၁၅) တန်ဆောင်မုန်းလပြည့်ညတွင် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံခဲ့သည် ။
ညနေ ၅ နာရီတွင် ဘုရားစတင်လှည့်လည်ခဲ့ပြီး ညနေ ၆ နာရီနှင့် ၇ နာရီကြားတွင် မိုးအနည်းငယ်ရွာခဲ့ဟုဆိုသည် ။
ယခုနှစ် ကျင်းပသည့် မြိတ်မြို့ ဘုရားလှည့်ပွဲသည် ၉၄ ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပထမအကြိမ်အဖြစ် မြို့တွင်းသို့ ပြန်လည်လှည့်လည်ခဲ့ခြင်းဖြစ်သည် ။
ဘုရားလှည့်ရာလမ်းကြောင်း များတွင် စစ်ကောင်စီတပ်သားလည်း နေရာယူထားသည်ဟု မြို့ခံများကပြောသည်။











