BREAKING
September 16, 2024

“ချန်ပီယံအသင်းတွေ ကြုံနေရတဲ့ ကျိန်စာဆိုးကို ပြင်သစ် ချေဖျက်ပြနိုင်မလား”

November 15, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၃)

လက်ရှိချန်ပီယံ ပြင်သစ်ကိုလည်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတွေထဲကနေ ဖယ်ထုတ်ချန်လှပ်ထားလို့ မရနိုင်ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းတလျှောက်ကို ပြန်ပြီး လေ့လာကြည့်လိုက်ရင် ချန်ပီယံအသင်းတွေက နောက်တစ်ကြိမ် ကမ္ဘာ့ဖလားမှာ ဖိုင်နယ်အထိ ပြန်တက်နိုင်ခဲ့တာတွေရှိတာကို မြင်တွေ့ရပါတယ်။ ဒါပေမဲ့ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘရာဇီးအသင်းက ၁၉၉၈ ခုနှစ်မှာ ဖိုင်နယ်ဆီ ပြန်တက်နိုင်ခဲ့ပြီးတဲ့နောက် ချန်ပီယံဖြစ်တဲ့အသင်းက နောက်တစ်ကြိမ်မှာ ဖိုင်နယ်တက်နိုင်တာမျိုး မရှိတော့ပါဘူး။

၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဥရောပအသင်းတွေထဲက ရရှိခဲ့ရင် နောက်တစ်ကြိမ် ပြိုင်ပွဲမှာ အဲ့ဒီ လက်ရှိချန်ပီယံဘွဲ့ခံဥရောပအသင်းက အုပ်စုအဆင့်ကပဲ လှည့်ပြန်ရတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

၂၁ ရာစုထဲမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ လက်ရှိချန်ပီယံအသင်းတွေက နောက်တစ်ကြိမ် ပြိုင်ပွဲရောက်ရင် ဖိုင်နယ် မတက်နိုင်တဲ့ အစဉ်အလာဆိုး၊ ချန်ပီယံဆုပိုင်ရှင် ဥရောပတိုက်ကအသင်းတွေ အုပ်စုအဆင့်ကနေ လှည့်ပြန်ရတဲ့ မှတ်တမ်းဆိုးကို ပြင်သစ် ချေဖျက်ပြနိုင်လေမလားဆိုတာကို ဒီနှစ်မှာ စောင့်ကြည့်ရပါလိမ့်မယ်။

ကစားသမားစုစည်းအားအရ အသင်းကြီးစာရင်းဝင် ပြင်သစ်ကို ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းစာရင်းကနေ ဖယ်ထုတ်ချန်လှပ်ထားခဲ့ဖို့ မဖြစ်နိုင်ကြောင်း Dawei Watch ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အထူးအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။