Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ နယ်လုံဝန်ကြီးကားတန်း တိုက်ခိုက်ခံရတဲ့အကြောင်း
- သုံးရက်အကြာ ပိတ်ထားတဲ့ တနင်္သာရီ ကော့သောင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပြုလိုက်တာ
- မောရဝတီရေတပ်ကဖမ်းထားတဲ့ ဖောင်းတောရွာသားနှစ်ဦး မိသားစုနဲ့ အဆက်အသွယ်မရသေးတဲ့အခြေအနေ
- ပုလောမြို့နယ် ဆင်ထိုးကြီးရွာမှာ ထိတွေ့တိုက်ပွဲ တွေပြန်ဖြစ်ပွားနေလို့ ဒေသခံတွေ ထွက်ပြေးနေတဲ့အကြောင်း
- PDF ကိုထောက်ပံ့တယ်လို့စွတ်စွဲပြီး ကျိုက်ထုံဒေသခံ မောင်နှမနှစ်ဦး အဖမ်းခံခဲ့ရတာ
- ပြည်တွင်းတည်ငြိမ်ရေး ကူညီပေးဖို့ ဦးသန်းရွှေက တရုတ်ကို တောင်းဆိုခဲ့တဲ့အခြေအနေ
- ထိုင်းနိုင်ငရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် သက်ဆင်ရဲ့သမီးကို နာမည်စာရင်းတင်သွင်းဖို့ အလားအလားရှိနေတဲ့ အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။