BREAKING
January 11, 2025

ပြည်တွင်းတည်ငြိမ်ရေး ကူညီပေးရန် တရုတ်ကို ဦးသန်းရွှေအကူအညီတောင်း

August 15, 2024

ဓာတ်ပုံ - Chinese Embassy in Myanmar

ပြည်ပ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်ရေးတို့အတွက် တရုတ်နိုင်ငံက ကူညီပေးရန် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ဩဂုတ်လ ၁၄ ရက်က လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေတို့ နေပြည်တော်တွင်တွေ့ဆုံစဉ် ယင်းသို့တောင်းဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

မစ္စတာဝမ်ယိသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ သည်။

ယင်းသို့တွေ့ဆုံရာတွင် အထွေထွေရွေးကောက်ပွဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြီး ဒီမိုကရေစီ အသွင်းကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန်ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်စိမ့်ဝင်မှုကို ဆန့်ကျင်ကြောင်း မစ္စတာ ဝမ်ယိက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ကာကွယ် ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပြီး တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကြောင်းလည်း ဝမ်ယိက ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြည်တွင်းတည်ငြိမ်မှုကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံ ပေးရန် တောင်းဆိုခဲ့ပြီး တရုတ်နိုင်ငံ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ်များကိုမဆို လက်မခံကြောင်း ပြောသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အရှိန်မြှင့်ဖော်ဆောင်ရန်၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းပေးရန် ဝမ်ယိက စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့သည်။