စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ယနေ့ ပြုလုပ်ခဲ့ကြသည်။
ယနေ့လှုပ်ရှားမှုတွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲပြီး အမျိုးသမီးများ လူငယ်များနှင့် ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ချီတက်ခဲ့ကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။




