BREAKING
September 8, 2024

စပိန်နဲ့ အီတလီက နှာတစ်ဖျားသာနေတဲ့ အုပ်စု(ခ)

June 15, 2024

ယူရို ၂၀၂၄ ရဲ့အုပ်စု(ခ)ဟာ အရမ်းပဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ခုဆက်တိုက် အစွမ်းပြခဲ့တဲ့ ခရိုအေးရှားက ဒီအုပ်စုမှာ ပါဝင်နေသလို အစဉ်အလာကြီးမားခဲ့တဲ့ စပိန်နဲ့ အီတလီတို့ဟာ ခရိုအေးရှားကြောင့် အခက်တွေ့ရဦးမှာပါပဲ။ ခရိုအေးရှားဟာ မိုဒရစ်ကို အားပြုတဲ့အသင်းဖြစ်ပေမယ့် သူတို့ရစ်သမ် မိသွားပြီဆိုရင် သိပ်ကို ကြောက်စရာကောင်းလှပါတယ်။

အတက်ဘက်ကို ဆက်တိုက်ရောက်ခဲ့ပြီးတဲ့ ခရိုအေးရှားအတွက် အကျဘက်ဆီ ပြန်ရောက်လေတော့မလားဆိုတာကို စောင့်ကြည့်ကြရတော့မှာပါ။

ယူရိုလက်ရှိချန်ပီယံ အီတလီကတော့ ဒီတစ်ကြိမ်မှာ အစုအဖွဲ့အသစ်နဲ့ ယူရိုပြိုင်ပွဲဆင်နွှဲဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။

အီတလီဟာ ရိုးရာခံစစ်ကို အားပြုပြီး ပွဲထွက်လာမှာဖြစ်လို့ ဒီအုပ်စုအတွက် စိတ်ဝင်စားစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ စပိန်နဲ့ ခရိုအေးရှားတို့က တိုက်စစ်အားသန်တဲ့အသင်းတွေ ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

စပိန်ကတော့ လူသစ်နဲ့ လူဟောင်းတွေ ပေါင်းစည်းထားတဲ့အသင်းပါ။ ဒါပေမဲ့ တစ်ခု သတိပြုရမှာက အခုကျင်းပနေတဲ့ ယူရို ၂၀၂၄ ဟာ ဝါရင့်စူပါစတားတွေအတွက် နောက်ဆုံးပြိုင်ပွဲသဘော The Last Dance ဖြစ်နေတယ် ဆိုတာပါပဲ။

ဒါကြောင့် ထွန်းတောက်လာတဲ့ မျိုးဆက်သစ်လူငယ်တွေထဲက ဘယ်သူတွေဟာ အနာဂတ်လှပမယ့်သူတွေလဲဆိုတာကို အဓိကထား စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ ဒီအုပ်စုမှာ အယ်လ်ဘေးနီးယားကတော့ အိမ်ဖြည့်အဆင့်ပဲ ရှိပါတယ်။