Dawei Watch ရဲ့ခံစားသက်ဝင် ရုပ်ရှင်ကဏ္ဍအတွက် ဒီတစ်ပတ်မှာ ရွေးချယ်ထားတဲ့ဇာတ်ကားက Gumraah ဖြစ်ပါတယ်။
အမြွှာတွေနဲ့ပတ်သက်လာရင် အငြင်းပွားစရာတွေက အများအပြားပါပဲ။ အမြွှာတွေရဲ့သွေးချင်းဆက်နွှယ်မှု၊ စိတ်ချင်းဆက်နွှယ်မှုတွေဟာ ထူးခြားဆန်းပြားလွန်းတာကြောင့် မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။
Gumraah ဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်လမ်းပါ။
အမြွှာနှစ်ယောက်အနက် တစ်ယောက်က လူသတ်မှု ကျူးလွန်လိုက်ပါတယ်။
နောက်တစ်ယောက်က ဒါကို သိသွားပြီး နောက်တစ်နည်းနဲ့ ရဲစခန်းမှာ သူပါ အဖမ်းခံရအောင် အကွက်ချပြီး စနစ်တကျ လုပ်လိုက်ပါတော့တယ်။
တရားခံအစစ်ကို ရဲတွေ ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ကြရမယ့်ဇာတ်ကားပါပဲ။
