BREAKING
April 16, 2025

သင်္ကြန်အကျနေ့ ထားဝယ်မြို့ပေါ် တွင် ယာဉ်မတော်တဆမှုကြောင့် နှစ်ဦးသေဆုံး

April 15, 2025

Photo - Min Min Zaw

သင်္ကြန်အကျနေ့ ထားဝယ်မြို့ပေါ် ၌ ယာဉ်မတော်တဆမှုကြောင့် အမျိုသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း ကူညီဆောင်ရွက် ပေးနေသူများထံမှသိရသည်။

ဧပြီ ၁၄ရက် မွန်းတည့် ၁၂ နာရီ ခန့်က ထားဝယ်မြို့ ၊ဝဲကျွန်းရပ်ကွက် သမီးတော် သောက်ရေသန့် စက်ရုံအနီးတွင် သားအမိနှစ်ဦး ဆိုင်ကယ်စီးလာစဉ် အမေဖြစ်သူ ဆိုင်ကယ်ပေါ်က လိမ်ကျသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသည့် အမျိုသားတစ်ဦးကပြောသည်။

“ရေပက်တဲ့ နေရာရောက်တော့ ရုတ်တရက် ဆိုင်ကယ် အရှိန်လျှော့ လိုက်တာ အဲဒီမှာ နောက်ကထိုင်လိုက်လာတဲ့ သူ့အမေက လိမ့်ကျပြီး ဆုံးသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။

ယင်းအပြင် ထားဝယ်မြို့ မီးသတ်ဦးစီး ဌာနရုံးအနီးတွင်လည်း မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်တွင့် အမျိုးသား တစ်ဦး မော်တော် ဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပြီး သေဆုံးခဲ့ ကြောင့် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ် ဆောင် ရေးအဖွဲ့ ထံမှသိရသည်။

ထို့အတူ ဧပြီ ၁၂ ရက် နံနက် ၇ နာရီခန့်တွင်လည်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် ၂၄ နာရီစျေး အနီးရှိလမ်းမပေါ် တွင် ကလေးတစ် ဦးစီးလာသည့် စက်ဘီးကို မော်တော်ကား က ဝင် တိုက်ရာမှာ ကလေးနှင့် ယာဉ်မောင်းသူပါ ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း ရင်ခုန်သံ သွေးလှူ ရှင် နှင့် လူနာ တင်ယာဉ်အဖွဲ့ ထံမှသိရသည်။

“ကားက ဆိုင်ကယ်ကို ရှောင်ရင်း နဲ့ ကလေးကိုပွတ် တိုက်မိသွားတာပြောတယ်”ဟု အထက်ပါ အဖွဲ့ တာဝန်ရှိသူကပြောသည်။

ယင်းနေ့ ညနေပိုင်းတွင်လည်း ထားဝယ်မြို့ ဇလွန်း ကျေးရွာ ၏လမ်းပိုင်း တစ် နေ ရာ ၌ မော်တော် ဆိုင်ကယ် တိမ်း မှောက် ရာမှ အမျိုးသား တစ် ဦး ဦးခေါင်းတွင်ဒဏ် ရာပြင်းပြင်းထန်ထန် ရရှိ ခဲ့ သေး ကြောင်း ကူညီဆောင်ရွက် ပေးသူများ၏ ပြောကြားချက် အရသိရသည်။

သင်္ကြန်အကျနေ့ တစ်ရက်တည်း ထားဝယ်မြို့ပေါ် နှင့် မြို့အနီးတွင် ယာဉ်မတော်တဆ မှု ၄ မှု ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ သုံးဦးရှိကာ နှစ်ဦးသေဆုံးခဲ့သည်။