တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း နှစ်စဥ်ပြုလုပ်လေ့ရှိသည့် ရိုးရာကျားအကပွဲကို ယခုနှစ်သင်္ကြန်အကျနေ့(ဧပြီ ၁၄)တွင်လည်း ပြုလုပ်ခဲ့ကြသည်။
ယခုနှစ်တွင် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့ ပူးပေါင်းကာ တစ်ရက်တည်း ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။
ပုံမှန်အားဖြင့် ကျားကပွဲကို သင်္ကြန်အကြိုနေ့တွင် ချောင်းကြီးရပ်ကွက်က စတင် ကျင်းပ၍ သင်္ကြန်အကျနေ့တွင် ချောင်းငယ်ရပ်ကွက်တွင် ကျင်းပလေ့ရှိသည်။




