ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅)၌ ပင်မသပိတ်စစ်ကြောင်းများက သံချပ်ထိုးဖျော်ဖြေခြင်းနှင့် ရေကစားခြင်းများ ပြုလုပ်ခဲ့ကြသည်။
သံချပ်ထိုးခြင်းကို သင်္ကြန်အကြိုနေ့မှစ၍ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ်သည်။
လောင်းလုံးမြို့တွင် အာဏာသိမ်းပြီးနောက် နှစ်စဥ်တည်ဆောက်လေ့ရှိသည့် စစ်ကောင်စီ ဖျော်ဖြေရေးမဏ္ဍပ် ကိုယခုနှစ်တွင် တည်ဆောက်ခြင်းမရှိကြောင်း လောင်းလုံးဒေသခံများကပြောသည်။






