သင်္ကြန်အကြတ်နေ့(ဧပြီ ၁၅) ထားဝယ်မြို့ ၊ မြို့တော်ခန်းမအနီးရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ဝန်းကျင် ညနေပိုင်း မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။
သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်အပြင် မြို့တော်ခန်းမဘက်မှ ရွှေဝယ်သီရိ အားကစားရင်ပြင်ဘက်သို့သွားသည့် လမ်းတွင်လည်း လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ထားသည်ကိုတွေ့ရသည်။
ထားဝယ်မြို့ ၊ အဓိကလမ်းမများတွင်မူ ယခင်ရက်များအတိုင်း ရေကစားသူမရှိဘဲ ရပ်ကွက်လမ်းသွယ်များတွင် ရေကစားသူအချို့ရှိကြောင်း မြို့ခံများကပြောသည်။











