သင်္ကြန်အကြိုနေ့နှင့် အကျနေ့တို့တွင် ထားဝယ်မြို့ထဲ ရေကစားသူမရှိသော်လည်း အကြတ်နေ့တွင်မူ ရေကစားသူအချို့ရှိလာခဲ့သည်။
ထားဝယ်မြို့ရှိ ဗဟိုမဏ္ဍပ်၊ ဆောက်လုပ်ရေးမဏ္ဍပ်နှင့် ဖိုးသီးချိုကလေးကစားကွင်းရှိ မဏ္ဍပ်တို့၏ သင်္ကြန်အကြတ်နေ့ ညနေ ၅ နာရီကျော်အချိန် မြင်ကွင်းများကိုဖော်ပြပေးလိုက်ပါသည်။
မဏ္ဍပ်များတွင်သာ ရေကစားသူ၊ ဖျော်ဖြေရေးအစီအစဉ်များကိုလာရောက်ကြည့်ရှုသူများရှိပြီး မြို့ထဲတွင်မူ ရေကစားသူမရှိသလောက်ပင်ဖြစ်သည်။





