BREAKING
March 1, 2025

တနင်္သာရီတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ CDM ဝင်

April 15, 2023

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီတိုင်း။

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် အခြေစိုက်ထားသည့် အမှတ် ၅၆၁ တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ  CDM ဝင်ရောက်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်သည်။

ဧပြီလ ၁၄ ရက်နေ့က တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလုံလာပြီး ၎င်းနှင့်အတူ MA 3 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် စစ်အသုံးအဆောင်အချို့ ပါလာသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့မှ ဂုဏ်ပြုချီးမြင့်ငွေ ကျပ်သိန်းသုံးဆယ် ပေးအပ်သွားမည်ဟုလည်း ရေးသားထားသည်။

CDM ဝင်လာသည့် ရဲဘော်ကို ၎င်း၏ဆန္ဒအရ လွတ်မြောက်ဒေသတစ်ခုသို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး နောက်ထပ် CDM ဝင်လာမည့် ရဲဘော်များကိုလည်း နွေးထွေးစွာ ကြိုဆိုစောင့်ရှောက် အကူအညီပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စဈကောငစြီတပသြား CDM ဝငရြောကမြှုနှင့ပြတသြကပြှီး စဈကောငစြီဘကမြှ ထုတပြှနပြှောဆိုထားခှငြးမွိုး မတှေ့ရသးပေ။

တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ဒေသအတွင်း နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည်။