BREAKING
March 15, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်း

March 15, 2025

တနင်္သာရီတိုင်းထဲမှာ မတ်လ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထားဝယ်အထူးစီးပွားရေးဇုန်အတွက် စစ်ကောင်စီကြိုပြင်နေပြီး ထိုင်း-ဂျပန်တို့နဲ့ ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်တဲ့အကြောင်း
  • ထားဝယ်ဆေးရုံကြီးကို ညဘက်ဝင်ခွင့်ပိတ်ပြီး ဖုန်းဆက်ဝင်ခွင့်တောင်းရမယ့်အပေါ် မြို့ခံတွေဝေဖန်နေတဲ့သတင်း
  • ထားဝယ်မြစ်ထဲ စစ်ကောင်စီစက်လှေပစ်ခတ်ခံရပြီး မြစ်ကမ်းဘေးက ကညုံကျွန်းရွာကို လက်နက်ကြီးနဲ့ပြန်ပစ်တဲ့အကြောင်း
  • ဘန်းလမွတ်မှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တဲ့သတင်း
  • တနင်္သာရီမှာ ဒီတိုနေတာပေါက်ကွဲလို့ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးဒဏ်ရာရသွားတဲ့အခြေအနေ
  • တနင်္သာရီမှာ စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ပြီး ဒရုန်းနဲ့ပါဗုံးချတဲ့သတင်း
  • လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းကနေတိုက်ခိုက်လို့ ဒေသခံတွေဒဏ်ရာရသွားတဲ့အကြောင်း သတင်းတွေကို တင်ဆက်ထားပါတယ်။