ယမန်နေ့နှင့် ယနေ့ဈေး နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်း ပြန်ကျလာသည်။
ထားဝယ်ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခုနှစ်သောင်း ဈေးဖွင့်ထားသည်။
နှစ်ရက်ဆက်တိုက် အတက်ကြမ်းခဲ့သည့် ရွှေဈေးသည် ယနေ့တွင် ကျရိပ်ပြလာခြင်းဖြစ်သည်။
ထိုင်းဘတ်နှင့် ဓာတ်ဆီဈေးမှာ ကျရိပ် ပြလာသည်။
ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။