အာဏာမသိမ်းမီက နေ့စဉ်ဘုရားဖူးထောင်ချီဖြင့် စည်ကားနေတတ်သည့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်စေတီ၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မြင်ကွင်းများဖြစ်သည်။
ရှင်မော်တောင်သို့တက်သည့် လမ်းဘေးဝဲယာတွင် ခြုံထူနေပြီး တံတားတစ်စင်းမှာလည်း ဆွေးမြေ့လျက်ရှိသည်။
ဈေးဆိုင်တန်းမှာ သော့ခတ်လျှက်သား ဖုံတက်နေပြီး၊ ဘုရားအချို့ကို သော့ခတ်ထားသည်ကိုတွေ့ရသည်။
အချို့ဘုရားများမှာ ဆီးမီး၊ ပန်းနံ့သာ ကပ်မဲ့သူမရှိသဖြင့် ခြောက်ကပ်နေသည်။



















ဘုရားဝင်းတစ်ခုလုံးတွင် ဂေါပကအဖွဲ့ဝင်နှစ်ဦးမှလွဲပြီး အခြားသူများတစ်ဦးတစ်ယောက်မျှမရှိပေ။
ရှင်မော်စေတီမှာ ဒေသတွင်းသာမက ပြည်တွင်းဘုရားဖူးများကြားတွင် နာမည်ကြီးပြီး ထားဝယ်ဒေသသို့ရောက်တိုင်း မဖြစ်မနေ သွားရောက်ဖူးမျှော်ရသည့် စေတီထဲတွင်ပါဝင်သည်။
ဖေဖော်ဝါရီလ ၁၄ ရက်ကဲ့သို့သော နေ့များအပြင် အခါကြီး၊ ရက်ကြီးအချိန်များ၊ ရုံးပိတ်ရက်များတွင် ရှင်မော်စေတီသို့ လာရောက်ဖူးမျှော်သူ နေ့စဉ်ထောင်ဂဏန်းအထိရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ရှင်မော်စေတီသို့ ဘုရားဖူးများ အလာကျဲသွားပြီး လက်ရှိတွင်မူ လာရောက်သူ လုံးဝမရှိသဖြင့် ရင်ပြင်တစ်ခုလုံးခြောက်ကပ်တိတ်ဆိတ်လျှက်ရှိပေသည်။