BREAKING
September 19, 2024

တနင်္သာရီတိုင်း Mytel ဝန်ထမ်းအားလုံးနီးပါး ရက်အကန့်သတ်မရှိ အလုပ်မဆင်း

February 15, 2021

တနင်္သာရီတစ်တိုင်းက Mytel ကုမ္ပဏီရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအားလုံးနီးပါး ရက်အကန့်သတ်မရှိ အလုပ်မဆင်းတောကြောင်း ယင်းကုမ္ပဏီက ဝန်ထမ်း အမျိုးသားတစ်ဦးက ဆိုသည်။

တစ်တိုင်းလုံးရှိ ဝန်ထမ်း ၂၃၀ ကျော်မအလုပ်ဆင်းတော့ဘဲ ဆယ် ဂဏန်းခန့်သာအလုပ်ဆင်းနေကြောင်း ယင်းအမျိုးသားက ပြောသည်။

အလုပ်မဆင်းပါက ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကိုရှင်း ပြပြီးမှ အလုပ်မဆင်း လှုပ်ရှားမှုတွင် ပါဝင်ကြောင်း လက်မှတ်ရေးထိုးပြီးပါဝင်ကြခြင်း ဖြစ်ကြောင်း ၎င်းအမျိုးသား က ရှင်းပြသည်။

“လုပ်သင့်တယ်ထင်လို့လုပ် တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ထုတ်ကုန်ကို ပြည်သူတွေ သုံးမှ ကျွန်တော်တို့ထမင်းစားရတယ်လေ။ ဒီအချိန်မှာ ကိုယ့်မိသားစုကိုပဲ ကြည့်နေလို့မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ပြည်သူတွေဖြစ်တဲ့ အတွက် သူတို့နဲ့အတူတူ ရပ်တည်ရမယ်” ဟု ၎င်းကဆိုသည်။

အလုပ်မဆင်းဘဲနေခြင်းသည် ကုမ္ပဏီကိုတိုက်ခိုက်လိုခြင်းမဟုတ်ဘဲ စစ်အာဏာရှင်ကို တွန်းလှန်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။