BREAKING
January 11, 2025

မြိတ်တွင် ၁၅၀၀ ကျပ်တန် ဖုန်းဆင်းကတ် ကျပ်နှစ်သောင်းခွဲအထိ ရောင်းချ

January 15, 2022

မြိတ်မြို့ရှိ ဖုန်းအရောင်းဆိုင်အချို့တွင် ၁၅၀၀ ကျပ်တန် ဖုန်း SIM Card တစ်ကတ်လျှင် ကျပ်နှစ်သောင်းခွဲ အထိ ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းထံမှ စုံစမ်းသိရသည်။

ဈေးနှုန်းတို့မှာ တစ်ဆိုင်နှင့် တစ်ဆိုင် တူညီမှုမရှိကြဘဲ ၅၀၀၀ ကျပ်၊ ၇၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းတို့ဖြင့် ရောင်းချနေကြခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဘယ်ဆင်းကတ်ပဲယူယူ နှစ်သောင်းခွဲပေးရတယ်” ဟု အော်ရီဒူးဆင်းကတ်တစ်ကတ် ဝယ်ယူခဲ့သူ ရာပြည့်ရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ဖုန်းအရောင်းဆိုင်တို့တွင် လက်ရှိရောင်းချပေးနေသည့် ဆင်းကတ်အများစုမှာ လက်ကျန် ဆင်းကတ်များဖြစ်ကြပြီး အသစ်ရောက်လာပါက ဈေးနှုန်းထပ်မြင့်မည်ဖြစ်ကြောင်း မြိတ်တောင်နယ်မြေရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်က ပြောပြသည်။

ဆင်းကတ်တစ်ကတ်လျှင် အခွန်နှစ်သောင်းကျပ်နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ရငွေအပေါ် အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်တောက်ခံမည့် ပြင်ဆင်သည့် ဥပဒေတစ်ရပ်ကို ဇန်နဝါရီလ ၆ ရက်တွင် စစ်ကောင်စီ ဥက္ကဋ္ဌက ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကို သုံးလသက်တမ်းဖြင့် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ယင်းနောက် ဆိုင်ရှိ လက်ကျန်ဆင်းကတ်တို့အား အနည်းဆုံး ၅၀၀၀ ကျပ်မှ အများဆုံး ၂၅၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ဖုန်းအရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။