တောင်ကိုရီးယားပါလီမန်၌ သမ္မတယွန်းဆွတ်ယိုလ်းကို ရာထူးမှဖြုတ်ချရန် စွပ်စွဲပြစ်တင်မှုကို ယနေ့ ညနေပိုင်းက မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၀၄ မဲ ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ယင်းကြောင့်ဝန်ကြီးချုပ်ဟန်ဒွတ်ဆူးက ယာယီသမ္မတအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး သမ္မတယွန်းကို ရာထူးမှဖြုတ်ချသွားမည်လားဆိုသည်ကို အခြေခံဥပဒေခုံရုံးက ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်သွားမည် ဖြစ်သည်။
မဲခွဲဆုံးဖြတ်နေစဉ် အတောအတွင်း အနည်းဆုံးလူနှစ်သိန်းခန့်က ပါလီမန်အပြင်ဘက်၌ စုဝေးခဲ့ကြပြီး သမ္မတယွန်းအား စွပ်စွဲအပြစ်တင်မှုအဆိုအောင်မြင်ရေး ဆန္ဒပြခဲ့ကြသည်။
Ref: Watoday