BREAKING
January 22, 2025

ပြင်သစ်ဆီမှာ ဒီလိုထူးခြားတဲ့ အစဉ်အလာ မှတ်တမ်းလေးရှိတယ်

December 14, 2022

ဓာတ်ပုံ - Europe 1

ပြင်သစ်ရဲ့ထူးခြားမှတ်တမ်း အချက်အလက်တစ်ခုက ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ ပတ်သက်လို့ နေပါတယ်။ ပြင်သစ်ဟာ ကမ္ဘာ့ဖလားမှာ နှစ်ကြိမ်ဆက် ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေထဲက ပြင်သစ်ရဲ့ထူးခြားချက်ကို ပြောပြချင်ပါတယ်။

ပြင်သစ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ နောက်ခံလူ လီလီသူရမ်ရဲ့သွင်းဂိုးတွေနဲ့အတူ ပြင်သစ်က ခရိုအေးရှားကို အနိုင်ရရှိခဲ့ပါတယ်။ ဖိုင်နယ်မှာ ပြင်သစ်က ဘရာဇီးကို ဆက်လက် အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပြင်သစ်က ပေါ်တူဂီနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်အတွက် အနိုင်ဂိုးကို ပင်နယ်တီကနေတဆင့် ဇီဒန်းက သွင်းယူပေးသွားခဲ့ပါတယ်။ ကွင်းလယ်လူ သွင်းယူပေးတဲ့ဂိုးပါ။ အဲ့ဒီတစ်ကြိမ်မှာတော့ ပြင်သစ်က ချန်ပီယံ မဖြစ်ခဲ့ပါဘူး။ ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်က ဘယ်လ်ဂျီယံနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဒီပွဲမှာတော့ ပြင်သစ်က တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်ပါတယ်။ ဂိုးကို သွင်းယူပေးခဲ့သူက နောက်ခံလူ အမ်တီတီ ပါ။ အဆုံးသတ်မှာ ပြင်သစ်က ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

အခုအတိုင်း သီအိုရီအတိုင်းဆိုရင်၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံအဖြစ် ပြင်သစ် အောင်ပွဲခံနိုင်ဖို့အတွက် ဒီနေ့ည ယှဉ်ပြိုင်ကစားရမယ့် မော်ရိုကိုနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နောက်ခံလူတစ်ယောက် ဂိုးသွင်းရလိမ့်မယ်လို့ ညွှန်းဆိုနေပါတယ်။ ပြင်သစ် နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်စေဖို့နဲ့ သီအိုရီလားရာအတိုင်း မှန်ကန်အောင် နောက်ခံလူတစ်ယောက်ယောက်က ဂိုးတက်သွင်းလေမလား စောင့်ကြည့်ရင်ခုန်ကြပါစို့။