တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့တွင် ယနေ့ (တန်ဆောင်တိုင်အဖိတ်နေ့ နိုဝင်ဘာ ၁၄) နံနက်ပိုင်းတွင် ဘုရားကြီးဘဏ္ဍာတော်ထိန်း ဂေါပကက ကြီးမှူးကျင်းပသည့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့သည် ။
လှည့်လည်ပွဲကို ယမန်နှစ်ကအတိုင်း နံနက်ပိုင်းနှင့် ညနေပိုင်းခွဲကာ ယခင်လမ်းကြောင်းအတိုင်း လှည့်လည်မည်ဖြစ်သည်။
ဘုရားလှည့်လည်ရာ လမ်းကြောင်းရှိ တိုင်းအစိုးရရုံး ၊ ကမ်းနားပန်းခြံ ၊ ညောင်ပင်ကြီးလမ်းဆုံ စသည့် လမ်းဆုံ နေရာများတွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားပြီး ဘုရားလှည့်ရာတွင်လည်း အရပ်ဝတ်ဖြင့် လုံခြုံရေးယူနေသည့် စစ်ကောင်စီ တပ်သားများ ပါဝင်သည်ဟု မြို့ခံဘုရားဖူးများက ဆိုသည် ။
ဘုရားလှည့်လိုက်သည့် ဥပသကာများတွင်လည်း လူငယ်ပိုင်းနည်းပြီး ကလေးများနှင့် သက်ကြီးပိုင်း အမျိုးသားများသာ ပါဝင်သည်ကိုလည်းတွေ့ရသည် ။















