BREAKING
September 16, 2024

“အာရှမြေမှာ ဘရာဇီးပဲ နောက်တစ်ကြိမ် ချန်ပီယံဖြစ်ခွင့် ရသွားလေမလား”

November 14, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ(၁)

၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်မယ့်အချိန် နီးကပ်လို့ လာခဲ့ပါပြီ။ ပြိုင်ပွဲဝင် အသင်းအရေအတွက် ၃၂ သင်းစနစ်ကို နောက်ဆုံးအကြိမ်အဖြစ် အသုံးပြုမယ့် ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်အသင်းတွေ ချန်ပီယံဖြစ်နိုင်ခြေ ရှိနေသလဲဆိုတာက ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခုပါပဲ။

Dawei Watch ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအထူးအစီအစဉ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို အိပ်မက်,မက်ခွင့်ရှိတဲ့သူတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ပထမဆုံး ရွေးချယ်လိုက်တဲ့အသင်းကတော့ ဘရာဇီး ပါပဲ။

ဘရာဇီး ဟာ ကမ္ဘာ့ဖလားချန်ပီယံဆု ငါးကြိမ် ဆွတ်ခူးရရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတလျှောက် အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိအသင်းတွေ ချန်ပီယံမဖြစ်ခဲ့တာ နှစ် ၂၀ ကြာသွားခဲ့ပါပြီ။
အာရှမြေက ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီး ချန်ပီယံဖြစ်ပြီးကတည်းက တောင်အမေရိကအသင်းတွေဟာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့် မရရှိကြတော့ပါဘူး။

ဒီနှစ်မှာသာ ဘရာဇီး ချန်ပီယံဖြစ်ခဲ့ရင် အာရှမြေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ခုမှာ ဆက်တိုက် ဗိုလ်စွဲတဲ့အသင်း၊ ဆောင်းရာသီကာလမှာ ကျင်းပတဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းဆိုပြီး မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်ရရှိသွားဖို့ ရှိနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို အမြဲပါဝင်ကစားခွင့်ရရှိတဲ့အသင်းအဖြစ် စံချိန်ရေးထိုး စိုက်ထူတားတဲ့ ဘရာဇီးဟာ ကာတာမြေမှာ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်နိုင်ခြေရှိနေလေသလားဆိုတာကို Dawei Watch ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအထူးအစီအစဉ်ကနေ Dawei Watch ရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။