BREAKING
October 16, 2024

ထားဝယ်တွင် ဆီဘော မီးလောင်ပေါက်ကွဲမှု သေဆုံးသူ ၇ ဦးအထိရှိပြီဟုဆို

October 14, 2024

ပုံစာ - ယနေ့ည ၇ နာရီ ၁၅ မိနစ်က မြင်ရသည့် ဆီဘောမီးလောင်မှု ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ‌ဆီဘောမီးလောင် ပေါက်ကွဲမှု၌ သေဆုံးသူ ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများကပြောသည်။

မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက မီးငြှိမ်းသတ်နိုင်ရန် ယခု ည ၇ နာရီအထိ ကြိုးစားနေဆဲဖြစ်ပြီး ကနဦးအတည်ပြုချက်အရ သေဆုံးသူ အမျိုးသား ၇ ဦးအထိရှိပြီဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

“ခုထိ ကယ်ဆယ်ရေးလုပ်ဆောင်နေပါတယ်။ ဆွဲထုတ်မရသေးတဲ့ အလောင်းတွေရှိနေသေးတယ် “ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းတွင်ရှိသည် ဆီဘောသည် ယနေ့ ညနေ ၄ နာရီအချိန်တွင် မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

မီးလောင်ပေါက်ကွဲရသည့် အကြောင်းအရင်းကို တိတိကျကျမသိရသေးဘဲ အနီးအနားရှိ ‌ဒေသခံအချို့က ဒရုန်းဗုံးကျ၍ ဟုပြောဆိုသည်များရှိသလို လက်နက်ကြီး ကျည်ကြောင့်ဟု ပြောဆိုသည်များလည်းရှိသည်။