ထားဝယ်ဈေးကွက်တွင် ယခုအပတ် ထိုင်းနိုင်ငံထုတ်စားသုံးဆီနှင့် ကြက်သွန်နီဈေးနှုန်းများ ပြန်မြင့်တက်လာသည်။
ယခင်အပတ်က ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီ တစ်လီတာလျှင် ၈၀၀၀ ကျပ်မှယနေ့ ၈၇၀၀ ကျပ်၊ ပဲလုံးတံဆိပ် စားသုံးဆီတစ်လီတာလျှင် ၉၀၀၀ ကျပ်မှ ယနေ့ ၉၅၀၀ ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။
တစ်ပတ်အတွင်းစားသုံးဆီတစ်လီတာလျှင် အမျိုးအစားအလိုက် ကျပ် ၅၀၀ မှ ကျပ် ၇၀၀အထိ ဈေးတက်လာခြင်းဖြစ်သည်။
ထို့အတူ ကြက်သွန် ဈေးနှုန်းများသည်လည်း အနည်းငယ်မြင့်တက်လာသည်။
ယင်ခင်အပတ်က ကြက်သွန်နီရိုးရိုး တစ်ပိဿာ ၃၀၀၀ကျပ်သာရှိရာမှ ယနေ့ ၃၂၀၀ကျပ်၊ကြက်သွန်နီမြစ်သား တစ်ပိတ်သာလျှင် ၃၄၀၀ကျပ်မှ ယနေ့ ၃၅၀၀ကျပ် သို့ ဈေးမြင့်တက်သွားခြင်းဖြစ်သည်။
တစ်ပတ်အတွင်းကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀ကျပ်မှ ၂၀၀ကျပ်အထိ အမျိုးအစားအလိုက် ဈေးအနည်းငယ်မြင့်တက်သွားခြင်းဖြစ်သည်။
ယင်းအပြင် ထားဝယ် ဈေးကွက်တွင် ဝက်သား တစ်ပိဿာ ဈေး နှုန်းမှာလည်းမြင့်တက်လျက်ရှိ သည် ။
ယခင်အပတ်က ဝက်သားတစ်ပိဿာ ကျပ် ၂၀၀၀၀ ကျပ်သာရှိရာမှ ယနေ့ ဝက်သား တစ်ပိဿာ ၂၅၀၀၀ကျပ်အထိမြင့်တက်သွားသည်။
ဝက်သား ဈေးနှုန်းများ တစ်ပတ်အတွင်း တစ်ဖြည်းဖြည်းမြင့်တက်လာပြီး တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၀၀၀အထိ ဈေးမြင့်တက်သွားခြင်းဖြစ်သည်။
ဆန်ဈေးနှင့် ပြည်တွင်းထုတ် စားသုံးဆီဈေးနှုန်းများမှာ ဇယားပါ ဈေးနှုန်းများအတိုင်း တည်ငြိမ်လျက်ရှိသည်။

