သံမဏိစိုးကြီးကတော့ သူ့ရဲ့စတုတ္ထမြောက် စိန်ခေါ်ပွဲကို ရင်ဆိုင်ယှဉ်ပြိုင်ရပါတော့မယ်။
လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ကိုရောက်ရင် သံမဏိစိုးကြီး လို့ ချစ်စနိုးခေါ်ကြတဲ့ စိုးလင်းဦးက ထိုင်း-အယ်လ်ဂျီးရီးယား ကပြား နာဘီလ်နဲ့ အားပြိုင်ရတော့မှာပါ။
စက်တင်ဘာလ ၂၇ ရက်နေ့၊ သောကြာညမှာ ကျင်းပမယ့် One Friday Fights 81 မှာ နာဘီလ်နဲ့ စိုးလင်းဦး တို့က ဘင်တမ်ဝိတ်တန်းပွဲစဉ်အဖြစ် အားပြိုင်ကြလိမ့်မယ်လို့ One Championship က သတင်းထုတ်ပြန်ထားပါတယ်။