BREAKING
November 27, 2024

စစ်ကြောင်းဝင်လာ၍ လောင်းလုံး၊ ပန်းဒလဲရွာသားများ ထွက်ပြေးတိမ်းရှောင်

July 14, 2024

စစ်ကောင်စီ၊ စစ်ကြောင်းရုတ်တရက် ဝင်ရောက်လာသည့်အတွက် လောင်းလုံးမြို့နယ် ပန်းဒလဲရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ (ဇူလိုင် ၁၄) နေ့လယ် ၁၂ နာရီအချိန်တွင် ပန်းဒလဲရွာအနောက်ဘက်မှနေ၍ စစ်ကောင်စီစစ်ကြောင်း ရောက်လာသည့်အတွက် ရွာသားများထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“တောထဲကနေ ရုတ်တရက်ထွက်လာတယ်။ အခုရွာသားတွေ တိမ်းရှောင် နေကြရပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းမှာ ယနေ့ နေ့လယ် ၁ နာရီခန့်တွင် ပန်းဒလဲ ကျောင်းကြီးအနီးတွင်ရှိသည့် နေအိမ်များကို ဝင်ရောက် စစ်ဆေးနေကြောင်း၊ ဖမ်းဆီးခံထားရသည့် ဒေသခံများလည်းရှိကြောင်း ဒေသခံများထံမှသိရသည်။

နယ်မြေလုံခြုံရေးအရှိန်မြင့် ဆောင်ရွက်မည်ဟု ဇွန်လ ၃၀ ရက်နေ့တွင် လောင်းလုံးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်မှ လောင်းလုံးမြိနယ်ရှိ ကျေးရွာအချို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိလာသလို စစ်ကြောင်းထိုး လှုပ်ရှားမှုများလည်းရှိလာခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါစစ်ကြောင်းမှာ ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းကစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကြောင်ထိုးနေခြင်းဖြစ်သည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီမှာ ပစ်ခတ်သည့် လက်နက်ကြီး သုံးလုံး ပန်းဒလဲရွာအနီး ဝန်းကျင်တွင် ကျရောက်ခဲ့သလို ရာဟောင်းဝ ကျေးရွာ အနီးဝန်းကျင်တွင်လည်း ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းအပြင် ဇူလိုင်လ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် လည်းပန်းဒလဲရွာတွင် နေအိမ်သုံးဆောင်ထိမှန် ပျက်စီးခဲ့ပြီး ကလေးငယ်နှစ်ဦး အပါအဝင် စုစုပေါင်းဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့သည်။