BREAKING
January 17, 2025

သမ္မတလောင်း ဒေါ်နယ်ထရမ့်သေနတ်ဖြင် ပစ်ခတ်ခံရ၍ ဒဏ်ရာအနည်းငယ်ရ

July 14, 2024

Photo & New Source - AP

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ရှိ ဘတ်တလာမြို့တွင် ကျင်းပသော မဲဆွယ်စည်းရုံးရေးအခမ်းအနားတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်ဖြင့် ပစ်ခတ်ရန်ကြိုးစားခဲ့ပြီး ဒဏ်ရာအနည်းငယ် ရရှိသွားသည်။

လက်ရှိဖြစ်စဉ်အရ ဒေါ်နယ်ထရမ့်ကို လုပ်ကြံလိုသော အုပ်စုတစ်ခုရှိနေသည်ဟု ယူဆရဖွယ်ရှိနေပြီး ကျည်ဆန်မှာ ဒေါ်နယ်ထရမ့်၏နားရွက်ကို ရှပ်ထိသွားခဲ့ကြောင်း သတင်းများက ရေးသားဖော်ပြနေကြသည်။

သေနတ်သမားက သေနတ်ပစ်လိုက်အပြီးတွင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားလိုက်ရပြီး နောက်ဆုံးရရှိသော သတင်းများအရ ထရမ့်မှာ ဒဏ်ရာရရှိသွားသည်ဟု သိရှိရသည်။

အမေရိကန်ပြည်ထောင်စု လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကလည်း သေနတ်နှင့်ပစ်ခတ်လုပ်ကြံရန် ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်လိုက်ပြီး သတင်းအတည်ပြုချက်တွေများမှာလည်း ကွဲပြားမှုများရှိနေသည်ကို မြင်တွေ့ကြရသည်။

အချို့သောသတင်းရင်းမြစ်များက သေနတ်သမားနှင့် မဲဆွယ်စည်းရုံးရေးအခမ်းအနားသို့ တက်ရောက်လာသူတစ်ဦး အသက်ဆုံးရှုံးကာ လုံခြုံရေးတာဝန်ယူထားသူ နှစ်ဦးနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ရေးသားနေပြီး အချို့သောသတင်းဌာနများကမူ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဒဏ်ရာရရှိကာ လုံခြုံရေးတာဝန်ကျသူနှစ်ဦး အသက်ဆုံးရှုံးသွားရကြောင်း အသိပေးထားကြသည်။

ရီပတ်ဘလစ်ကန်ပါတီ ဘက်မှနေ၍ ထရမ့်ကို ရွေးကောက်ပွဲဝင်ရောက်မည့် သမ္မတလောင်းအဖြစ် တရားဝင်ကြေညာချက် မထုတ်ပြန်မီ ရက်ပိုင်းအလိုတွင် ယခုကဲ့သို့ ထရမ့် ကို လုပ်ကြံရန်ကြိုးပမ်းသည့်ဖြစ်စဉ်ကြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပရန်မှာ လေးလသာ လိုတော့သည်။

ယခုကဲ့သို့ ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်စဉ်သည် အမေရိကန်နိုင်ငံရေးလောကအတွင်းသို့ လေးနက်သည့် အကျိုးဆက်ရိုက်ခတ်မှုများ ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးသုတေသီများက မှတ်ချက်ပေးလိုက်ကြပြီး ယခုဖြစ်စဉ်မှာ ၁၉၈၁ ခုနှစ်၌ဖြစ်ပွားခဲ့သော သမ္မတ ရော်နယ်ရေဂင် ကို လုပ်ကြံရန် ကြိုးပမ်းသောဖြစ်စဉ်နောက်ပိုင်း သမ္မတလောင်းတစ်ဦးကို လုပ်ကြံရန်အတွက် အပြင်းထန်ဆုံးသောကြိုးပမ်းမှုဖြစ်သည်ဟု သိရှိကြရသည်။