BREAKING
November 15, 2024

ယူရိုပွဲတွေကို ဘက်တီးရီးယားတွေနဲ့ ခန့်မှန်းပေးမယ့် အဏုဇီဝဗေဒ ပညာရှင်

June 14, 2024

လေးနှစ်ကြာမှ တစ်ကြိမ်စီ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့၊ ယူရိုပြိုင်ပွဲတို့ နီးကပ်လာပြီဆိုရင် လူတိုင်း စိတ်ဝင်စားတာတစ်ခု ရှိပါတယ်။

အဲ့ဒါကတော့ ဒီနှစ်ကျင်းပမယ့် ပြိုင်ပွဲကြီးမှာ ပွဲခန့်မှန်းပေးမယ့် တိရစ္ဆာန်တွေ ပါသလား၊ မပါဘူးလား ဆိုတာပါပဲ။

ရေဘဝဲလေး ပေါလ် ကနေ အစပြုလိုက်တဲ့ တိရစ္ဆာန်လေးတွေရဲ့ဟောကိန်းကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ အားပေးကြလေ့ရှိပါတယ်။

ဒီနှစ်မှာ ထူးခြားဆန်းပြားလှတဲ့ သတ္တဝါတစ်မျိုးနဲ့ ဒီပြိုင်ပွဲက ပွဲစဉ်တချို့ကို ခန့်မှန်းပေးမယ့်သူ ရှိလို့နေပါတယ်။

အဲ့ဒီပုဂ္ဂိုလ်ကတော့ အဏုဇီဝဗေဒ ပညာရှင် မားကပ်စ် အီဂျတ် ပါပဲ။ အရင်တုန်းကဆိုရင် ပွဲဟောကိန်းပေးတဲ့ တိရစ္ဆာန်တွေအဖြစ် ခွေးတွေ၊ ကြောင်တွေ၊ ဝက်တွေ၊ နွားတွေ၊ ကုလားအုတ်တွေ၊ သစ်ကုလားအုတ်တွေ၊ ဝက်ဝံတွေ၊ ဆင်တွေကို ပွဲထုတ်ခဲ့ကြဖူးပါတယ်။

အခုတစ်ကြိမ်မှာတော့ အဏုဇီဝဗေဒ ပညာရှင် မားကပ်စ် အီဂျတ် က ထူးခြားဆန်းပြားလှတဲ့ သတ္တဝါတစ်မျိုးကို ပရိသတ်တွေဆီ ယူဆောင်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဘက်တီးရီးယား တွေပါပဲ။

E.coli ဘက်တီးရီးယားတွေကို အသုံးပြုပြီး ယူရိုပွဲစဉ်တွေထဲက ဂျာမနီအသင်း ကစားမယ့်ပွဲစဉ်တွေကို သူက ခန့်မှန်းပေးမယ်လို့ မားကပ်စ် အီဂျတ်က ပြောကြားထားပါတယ်။