BREAKING
December 24, 2024

ဆီ၊ကြက်သွန်နှင့် အခြေခံစားသောက်ကုန်များ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

June 14, 2024

ထားဝယ်တွင် ယခုအပတ် ပြည်တွင်းထုတ် စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များ စျေးတက်နေသည်။

ပြည်တွင်းထုတ်စားသုံးဆီ အမျိုးအစားများဖြစ်သည့် ဇွဲတံဆိပ် ပဲဆီ တစ်ပိဿာဈေးမှာ ယခင်အပတ်က ၁၇၆၀၀ ကျပ်မှ ယနေ့ ၁၈၆၀၀၊နှမ်းဆီတစ်ပိဿာဈေးမှာ ယခင်ပတ်က ၁၀၄၅၀ကျပ်မှ ယနေ့ ၁၁၀၀၀ကျပ်ဖြစ်သွားသည်။

တစ်ပတ်အတွင်း စားသုံးဆီ ဈေးမှာ အမျိုးအစားအလိုက် ကျပ် ငါးရာကျော်မှ ကျပ် တစ်ထောင်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင်ကြက်သွန်နီ တစ်ပိဿာဈေးမှာ ယခင်အပတ်က ၂၆၀၀ကျပ်သာရှိက ယနေ့ ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ ထူး၄ တစ်ပိဿာဈေးမှာ ၁၁၄၀၀ ကျပ်မှ ယနေ့ ၁၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ထူးငါးတစ်ပိဿာဈေးမှ ၁၃၀၀၀ ကျပ်မှ ယနေ့ ၁၄၀၀၀ ကျပ် သို့ဈေးတက်သွားသည်။

တစ်ပတ်အတွင်းမှာ ကြက်သွန် နီ တစ်ပိဿာ ၄၀၀ ကျပ်ဈေးတက်သွားပြီး ၊ကြက်သွန်ဖြူ တစ်ပိဿာဈေးမှာလည်း အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၁၀၀၀ မှ ၁၆၀၀ကျပ်အထိ ဈေးတက်သွားသည်ကိုတွေ့ရသည်။

ငရုတ်သီးအပုခြောက် တစ်ပိဿာဈေးမှာ အရင်အပတ်ကထက် တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးတက်သွားသည်။

အရင်ပတ်က ငရုတ်ပုခြောက်တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ယနေ့ ၁၈၀၀၀ကျပ်အထိ ဈေးမြင့်သွားသည်။

ဆန်ဈေးနှုန်းများမှာ ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့ကစပြီး ယနေ့အထိ ဇယားပါဈေးနှုန်းများအတိုင်း ဈေးဆက်တိုက်‌တက်နေသည်ကို တွေ့ရသည်။