ထားဝယ်မြို့၊ မြို့တော်ခန်းမအနီးက ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကျနေ့(ဧပြီ ၁၄)၌ ရေကစားသူ ယမန်နေ့ကထက် ပိုများလာသည်။
မြို့ပေါ်ရပ်ကွက်များတွင်လည်း ရေကစားသူများ ၊ ရေပက်သူများဖြင့် စည်ကားနေသည်။
မြို့တော်ခန်းမအနီး ရေကစားမဏ္ဍပ်အနီးတွင်စစ်ကောင်စီက လုံခြုံရေးများချထားသည်။
ထားဝယ်မြို့တွင် ဧပြီလ ၁၁ ရက်ကတည်းကစ၍ ကလေးသင်္ကြန်ပြုလုပ်၍ ရေကစားနေကြခြင်းဖြစ်သည်။





