BREAKING
April 15, 2025

ကော့သောင်းတွင် စစ်ကောင်စီနှင့်ပူးပေါင်းသည်ဆိုသော အိမ်ခြံ‌မြေပွဲစား ပစ်သတ်ခံရ

April 14, 2025

ပုံစာ-ကော့သောင်းမြို့တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

စစ်ကောင်စီနှင့် ပူးပေါင်းပြီး အိမ်ခြံမြေများ မတရားသိမ်းယူနေသည်ဆိုသည့် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု သောင်ဖြူဖြူကျေးရွာနေ အိမ်၊ခြံမြေပွဲစားတစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင်ဦးကို ကော့သောင်းမြို့နယ်၊မြို့ပြပြောက်ကျား(‌ဗိုလ်သမန်းကျား)အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အိမ်ခြံမြေ ပွဲစားဆိုပေမယ့် သူကစစ်တပ်နဲ့ပေါင်းပြီး ပြည်သူပိုင် မြေတွေကို မတရားနိုင်ကျင့်ပြီး သိမ်းယူ ဒုက္ခပေါင်းစုံ ပေးတယ်။လူမုန်းများတယ်” ဟု ၎င်းကပြောသည်။

ပစ်ခတ်ခံရပြီးနောက် ဦးမြင့်လွင်ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံအချို့ကဆိုသည်။

“သူများမျက်ရည်ပေါက် ကြီးငယ်ကျအောင် မတရားလုပ်ပြီးမြေတွေသိမ်းတယ်။ သူက စစ်တပ်အတွက် အလုပ်လုပ်ပေးတယ်။ ဒလန်ဆိုလည်းပြောလို့ရတယ်” ဟု ဒေသခံနောက်တစ်ဦးကပြောသည်။

ဧပြီလ ၉ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာသင်္ချိုင်းအနီးတွင် ကော့သောင်းမြို့နယ် ပကဖက ကြားဖြတ်တိုက်ခိုက်သခြင့် မာရမ်းရဲစခန်းမှူးအပါအဝင် ရဲ ၃ ဦး သေဆုံးသွားသည်။

ပုံစာ-ကော့သောင်းမြို့တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)