စစ်ကောင်စီက စည်ကားစေရန်ကြိုးစားလုပ်ဆောင် နေသော်လည်း တနင်္သာရီတိုင်းမြို့တော် ၊ ထားဝယ်မြို့၏ သင်္ကြန်အကျနေ့(ဧပြီ၁၄ရက်)တွင် ရေကစားသူ အနည်းငယ်သာရှိခဲ့သည်။
မြို့တော်ခန်းမအရှေ့ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်အနီး ဆောက်လုပ်ထားသည့် စစ်ကောင်စီတိုင်းအစိုးရ၏ ဖျော်ဖြေရေးမဏ္ဍပ်တွင် ရေကစားသူအချို့နှင့် ဖျော်ဖြေရေး လာရောက်ကြည့်ရှူသူအချို့ကို မြင်တွေ့ရသည်။
သို့သော်ရပ်ကွက်အချို့ ရှိ လမ်းသွယ်များတွင်လည်း ဧပြီလ ၁၁ ရက် ထားဝယ်ကလေးသင်္ကြန်အစရက် ကစ၍ ရေကစားသူများရှိကြောင်း မြို့ခံများကပြောသည်။
ဧပြီ ၁၀ ရက်က ထားဝယ်မြို့တွင် သင်္ကြန်အကြိုမိုး စတင်ရွာသွန်းခဲ့ပြီး ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကစ၍ ပိတောက်ပန်းများလည်းပွင့်နေကြသည်။
ထားဝယ်မြို့တွင် စစ်ကောင်စီမှစီစဥ်သည့် တိုင်းအစိုးရမဏ္ဍပ်အပါအဝင် မဏ္ဍပ် ၃ ခု သာ ရှိပြီး အခြားဖျော်ဖြေရေးမဏ္ဍပ်များမတွေ့ရပေ။









